Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပုပ္ပားတောင်မကြီး၏ ဒီဇင်ဘာတောင်တက်ပွဲပါဝင်တောင်တက်သူများပြား
Dec 25,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက် (၁၁)မိုင် ခန့်အကွာတွင်တည်ရှိသော ကမ္ဘာကျော်မီးငြိမ်းတောင်တစ်လုံးဖြစ်သည့် ပုပ္ပားတောင်မကြီး၏ ဒီဇင်ဘာတောင်တက်ပွဲ ပါဝင်တက်ရောက်သူများပြားစွာ တက်ရောက်ခဲ့ကြောင်း ပုပ္ပားဒေသခံများထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒိုက်ဦးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Dec 25,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့တွင် ဇီဝိတဒါန သွေလှူရှင်များအသင်း၏ နှစ် (၂၀) ပြည့် အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်း
Dec 25,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ မွန်လွဲ (၂) နာရီက ဇီဝိတဒါန စုပေါင်းသွေးလှူရှင်များအသင်း၏ နှစ်(၂၀) ပြည့် အထိမ်းအမှတ် အကြိမ်(၂၀) မြောက် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့်ချင်းပြည်နယ်ပလက်ဝမြို့သို့ ရေနယားရေယာဉ်ဖြင့် ပြည်သူများ နှင့်ကုန်ပစ္စည်းများ တင်ဆောင်ပြီးစတင်ပြေးဆွဲလျက်ရှိ
Dec 25,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နှင့်ချင်းပြည်နယ်ပလက်ဝမြို့သို့ ယမန်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်အချိန်မှစတင်ပြီး အစိုးရရေကြောင်းပိုင် ရေနယား(၄၁၆၃)ရေယာဉ်ဖြင့် ခရီးသွား ပြည်သူများနှင့် ကုန်စည်စီးဆင်းမှုအဆင်ပြေချောမွေ့စေရန်အတွက် စတင်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့၌ အပြည်ပြည်ဆိုင်ရာရွေ့ပြောင်းသွားလာသူများနေ့အထိမ်းအမှတ် Campain ပြုလုပ်
Dec 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့သည် ယမန်နေ့က အပြည်ပြည်ဆိုင်ရာရွေ့ပြောင်းသွားလာသူများနေ့အထိမ်းအမှတ် Campain ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
“ပန်းခင်း”စီမံချက်ဖြင့်ဆောင်ရွက်သော နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းပေးအပ်
Dec 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “ပန်းခင်း” စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ရပ်ကွက်နှင့် ကျေးရွာမျာသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် (၉)နာရီက ကျိုင်းတုံမြို့နယ်၊ ပန်မတ်အုပ်စုရှိ ဒေသခံတိုင်းရင်းသားပြည်သူများကို ကွင်းဆင်းပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်မြို့နယ်၌ မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး အရှိန်အဟုန်မပြတ်လိုက်လံနှိုးဆော်
Dec 25,2021
ယခုအခါ ပွင့်လင်းရာသီ ရောက်ရှိလာပြီးဖြစ်၍ ပြည်သူများ မီးသုံးစွဲရာတွင် ပေါ့ဆမှု မဖြစ်စေရေးကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးတို့အတွက် ယမန်နေ့ညနေ ၅ နာရီက မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် မီးသတ်ဦးစီးဌာနက အရှိန်အဟုန်မပြတ် လိုက်လံနှိုးဆော်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့တွင် ပြိုလဲပျက်စီးနေအိမ်တစ်လုံးအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်
Dec 25,2021
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဝင်းဝင်းမာနှင့် ဝန်ထမ်းများသည် ယမန်နေ့ ညနေ ၅ နာရီကတောင်ပန်းဆွဲကျေးရွာအုပ်စု၊တောင်ဖလံကုန်းရွာ၌ သစ်ပင်ပြိုလဲပျက်စီးမှုကြောင့် သာယာဝတီမြို့နယ်၊တောင်ဖလံကုန်းကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက ဆွေးမြေ့နေသော လုံးပတ် ၁၅ ပေ၊အမြင့် ၄၀ပေ ကုက္ကိုပင်ပြိုလဲပျက်စီး နေအိမ် (၁)လုံး၊လူဦးရေ(၂)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀)သိန်းကျပ်၊ဆန်ရိက္ခာထောက်ပံငွေ(၄၂၀၀)ကျပ်၊စုစုပေါင်း(၁၀၄၂၀၀)ကျပ်နှင့်ကယ်ဆယ်ရေးကစ္စည်း(၁၇)မျိုးပါ(၁)အိမ်ထောင်စာတို့အား တောင်ပန်းဆွဲကျေးရွာအုပ်ချုပ်ရေးမှူး၊ရပ်မိရပ်ဖများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သာယာဝတီခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
19460
Page
19461
Page
19462
Page
19463
Current page
19464
Page
19465
Page
19466
Page
19467
Page
19468
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department