ကျောက်ဆည်မြို့တွင် ဇီဝိတဒါန သွေလှူရှင်များအသင်း၏ နှစ် (၂၀) ပြည့် အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်း

ကျောက်ဆည် ဒီဇင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ မွန်လွဲ (၂) နာရီက ဇီဝိတဒါန စုပေါင်းသွေးလှူရှင်များအသင်း၏ နှစ်(၂၀) ပြည့် အထိမ်းအမှတ် အကြိမ်(၂၀) မြောက် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

စုပေါင်းသွေးလှူဒါန်းရာတွင် လိုအပ်ချက်များမရှိစေရေး အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် နှင့် ဇီဝိတဒါ နသွေးလှူရှင်အသင်းဥက္ကဋ္ဌတို့က ကြည့်ရှုအားပေးခဲ့ပြီး သွေးအလှူရှင်များအား ကိုယ် အလေးချိန် တိုင်းခြင်း၊ သွေးပေါင်း ချိန်ခြင်း၊ သွေးသန့်ရှင်းမှု ရှိ/မရှိနှင့် သွေးအမျိုးအစားစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး သွေးလက်ခံခြင်းများ ဆောင်ရွက်ခဲ့ရာ ဇီဝိတဒါနသွေးလှူအရှင်အသင်းနှင့် အသင်းဝင်ပေါင်း (၂၀) သင်းမှ သွေးလှူရှင်များက စုပေါင်းသွေးလှူဒါန်းခဲ့ရာ အေသွေး (၂၅) လုံး၊ ဘီသွေး (၁၃) လုံး၊ အိုသွေး (၁၈)လုံးနှင့် အေဘီသွေး (၂) လုံး စုစုပေါင်း (၄၅)လုံး လက်ခံရရှိကြောင်း သိရှိရသည်။

လက်ခံရရှိသော သွေးများကို သွေးလိုအပ်သည့် လူနာများအား အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်း ပေးနိုင်ရေးအတွက် အထွေထွေ ရောဂါကုပြည်သူ့ဆေးရုံကြီးမှ သွေးလှူဘဏ်တွင် စနစ်တကျသိမ်းဆည်းထားပြီး သွေလှူရှင်များအား အားအင်ကုန်ခမ်းမှုမရှိစေရေး အင်အားဖြစ်စေမည့် ဆေးဝါးများ၊ ထမင်းထုပ်များ၊ မုန့်များ၊ အချိုရည်ဘူးများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ ကြောင်း သိရှိရသည်

သက်မောင်