ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့်ချင်းပြည်နယ်ပလက်ဝမြို့သို့ ရေနယားရေယာဉ်ဖြင့် ပြည်သူများ နှင့်ကုန်ပစ္စည်းများ တင်ဆောင်ပြီးစတင်ပြေးဆွဲလျက်ရှိ

ကျောက်တော်  ဒီဇင်ဘာ ၂၅

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နှင့်ချင်းပြည်နယ်ပလက်ဝမြို့သို့ ယမန်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်အချိန်မှစတင်ပြီး အစိုးရရေကြောင်းပိုင် ရေနယား(၄၁၆၃)ရေယာဉ်ဖြင့် ခရီးသွား ပြည်သူများနှင့် ကုန်စည်စီးဆင်းမှုအဆင်ပြေချောမွေ့စေရန်အတွက်  စတင်ပြေးဆွဲပေးလျက်ရှိ ကြောင်း သိရသည်။

အစိုးရရေကြောင်းပိုင် ရေယာဉ်များမှာ ကျောက်တော်မြို့နှင့်ချင်းပြည်နယ်ပလက်ဝမြို့သို့ ရေယာဉ် လိုင်းကိုမပြေးဆွဲသည်မှာ ဆယ်စုနှစ်(၂)စုတောင်ကြာ မြင့်ခဲ့ပြီးဖြစ်သည်။ယခုအခါ ရခိုင်ပြည် နယ်နှင့်ချင်းပြည်နယ် ပလက်ဝမြို့တို့မှာ နယ်မြေအေးချမ်းနေပြီဖြစ်၍ ရေယာဉ်လိုင်းအား စတင် ပြေးဆွဲနေပြီဖြစ်ရာ ကုန်စည်စီးဆင်းမှုမှာလည်း အဆင်ပြေချောမွေ့သွားပြီ ဖြစ်ကြောင်း၊ ကျောက်တော် - ပလက်ဝ(၁)ညအိပ်နှင့် ပလက်ဝ-ကျောက်တော်(၁) ညအိပ် ရေယာဉ်လိုင်းဖြင့် ခရီးသွားပြည်သူများ အလွယ်တစ်ကူခရီးသွားရောက်နိုင်ပြီဖြစ်သည်။

အဆိုပါ ရေနယားရေယာဉ်လိုင်း၏ စေျးနှုန်းမှာ ကျောက်တော်မြို့မှ ချင်းပြည်နယ် ပလက်ဝမြို့သို့ ခရီးသွားပြည်သူတစ်ဦးလျင် ငွေကျပ်(၁၈၀၀)နှုန်းဖြင့်လည်းကောင်း၊ ကုန်ပစ္စည်း တစ်ပိဿာ လျှင် (၁၈၀)နှုန်းဖြင့်လည်းကောင်း အခွန်အခများကောက်ခံသွားမည်ဖြစ်ကြောင်း၊ ရေယာဉ်ပေါ်တွင် သံထည်ပစ္စည်း၊ ဘိလပ်မြေ၊ ဆန်နှင့်စက်သုံးဆီများအား တင်ဆောင်ခွင့်မပြုကြောင်း၊ အဆိုပါ ရေကြောင်းလိုင်းမှာ တစ်ပတ်လျှင် (၁)ကြိမ်စီ ပြေးဆွဲပေးသွားဖြစ်ကြောင်း ရေယာဉ်တာဝန်ရှိ သူတစ်ဦးဖြစ်သည့် ဦးညီညီကျော်ထံမှ သိရသည်။ အဆိပါရေယာဉ်လိုင်းဖြင့် လိုက်ပါစီးနင်းလို သူများအနေဖြင့် ဌာနဆိုင်ရာဝန်ထမ်းများဖြစ်ပါက မှတ်ပုံတင်၊ မိမိဌာနမှ ဌာနအကြီးအကဲ၏ ထောက်ခံချက်ကိုတင်ပြရမည်ဖြစ်ကြောင်း၊ ခရီးသွားပြည်သူများဖြစ်ပါက ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ကိုတင်ပြရမည်ဖြစ်ကြောင်းနှင့် ရေနယားရေယာဉ် စတင်မထွက်ခွာမီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးကျော်စွာ ညွှန့်နှင့်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများမှ ရေယာဉ်အား ကြံခိုင်မှုရှိ/မရှိ စစ်ဆေးခဲ့ပြီး အဆိုပါရေယာဉ်ပေါ်တွင် ပလက်ဝမြို့နယ်အတွက် အောက်ဆီဂျင်စက်တစ်လုံးပါရှိပြီး ခရီးသွား ပြည်သူနှင့်ကုန်ပစ္စည်းများတင်ဆောင်လျက် ကျောက်တော်မြို့မှချင်းပြည်နယ် ပလက်ဝမြို့သို့ စတင်ပြေးဆွဲပေးလျက်ရှိကြောင်း သိရှိရသည်။

ခင်မောင်ထွန်း