သာယာဝတီ ဒီဇင်ဘာ ၂၅
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဝင်းဝင်းမာနှင့် ဝန်ထမ်းများသည် ယမန်နေ့ ညနေ ၅ နာရီကတောင်ပန်းဆွဲကျေးရွာအုပ်စု၊တောင်ဖလံကုန်းရွာ၌ သစ်ပင်ပြိုလဲပျက်စီးမှုကြောင့် သာယာဝတီမြို့နယ်၊တောင်ဖလံကုန်းကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက ဆွေးမြေ့နေသော လုံးပတ် ၁၅ ပေ၊အမြင့် ၄၀ပေ ကုက္ကိုပင်ပြိုလဲပျက်စီး နေအိမ် (၁)လုံး၊လူဦးရေ(၂)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀)သိန်းကျပ်၊ဆန်ရိက္ခာထောက်ပံငွေ(၄၂၀၀)ကျပ်၊စုစုပေါင်း(၁၀၄၂၀၀)ကျပ်နှင့်ကယ်ဆယ်ရေးကစ္စည်း(၁၇)မျိုးပါ(၁)အိမ်ထောင်စာတို့အား တောင်ပန်းဆွဲကျေးရွာအုပ်ချုပ်ရေးမှူး၊ရပ်မိရပ်ဖများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သာယာဝတီခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဦးစီးဌာနမှ သိရသည်။
သန့်ဇော်