“ပန်းခင်း”စီမံချက်ဖြင့်ဆောင်ရွက်သော နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းပေးအပ်

ကျိုင်းတုံ          ဒီဇင်ဘာ  ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ရပ်ကွက်နှင့် ကျေးရွာမျာသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ()နာရီက ကျိုင်းတုံမြို့နယ်၊ ပန်မတ်အုပ်စုရှိ ဒေသခံတိုင်းရင်းသားပြည်သူများကို ကွင်းဆင်းပေးအပ်ခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုင်းတုံမြို့နယ် ဦးစီးမှူးရုံးမှ လူဝင်မှုကြီးကြပ်ရေးမှူး ဦးယာစိုးဘိုနှင့် ဝန်ထမ်းများက ပန်မတ်အုပ်စု အတွင်းရှိ လွယ်ခယ် ကျေးရွာ၊ ဟွေကုကျေးရွာနှင့် ပါခဲကျေးရွာနေပြည်သူများအား“ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀) နှစ် ပြည့်ပြီးသူ (၄၆)ဦး၊ အသက်(၁၈)နှစ်ပြည့်ပြီးသူ (၁၃၆)ဦး တို့အတွက် နိုင်ငံသား စိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စု(၁၃)စု တို့အတွက် အိမ်ထောင်စုလူဦးရေစာရင်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးလမ်းညွှန်ချက်များနှင့် ပေးအပ်ခဲ့ကြသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့်  ကျိုင်းတုံမြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား နိုင်ငံသားစိစစ်ရေကတ်ပြားများ ကိုင်ဆောင်နိုင်ရန်  ၂၀၂၁ခုနှစ် မေလ ၃ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ခုနှစ် နိုဝင်ဘာလ()ရက်နေ့အထိ (၁၈)လကြာ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

စိုင်းရွှေအောင်