မိုင်းယောင်းမြို့၌ အပြည်ပြည်ဆိုင်ရာရွေ့ပြောင်းသွားလာသူများနေ့အထိမ်းအမှတ် Campain ပြုလုပ်

မိုင်းယောင်း ဒီဇင်ဘာ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့သည် ယမန်နေ့က အပြည်ပြည်ဆိုင်ရာရွေ့ပြောင်းသွားလာသူများနေ့အထိမ်းအမှတ် Campain ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပြုလုပ်တွင် မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါ်နန်းဆေး၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ စေတနာလုပ်အားရှင်များက လူအသွားအလာများ သော ဗလမင်းထင်လမ်းဆုံ၌ အထိမ်းအမှတ်နေ့ သော့ချိတ်များ၊ လက်ကမ်းစာအုပ်များ၊ အသိ ပညာပေးလက်ကမ်းစာစောင်များတို့ကို ပြည်သူများအား အခမဲ့ ဝေငှပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း