အမြို့မြို့အနယ်နယ်သတင်းများ

Dec 27,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၁) အစည်းအဝေးအား ကျင်းပပြုလုပ် ခဲ့သည်။
Dec 27,2021
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လယ်ယာသုံးစက်ကိရိယာ အခြေခံမောင်းနှင် ထိန်းသိမ်းမှု သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း က တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး /ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
Dec 27,2021
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ဘိုကုန်းကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပရာ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇော်မျိုးညွှန့် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
Dec 27,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အသက် ၁၈ နှစ်အထက်ရှိပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမဆောင်တွင် စတုတ္ထအသုတ်(ဒုတိယအကြိမ်မြောက်)အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Dec 27,2021
Southern Power Grid Co;Ltd က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဇဝဲ-ဘန်းလမွတ်ဒေသရှိ မြန်နိုင်မြင့်ဆီအုန်းခြံနေရာတွင်တည်ဆောက်မည့်(၁၀)မဂ္ဂဝပ် Solar Power Plant လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် စွန့်ပစ် ဆီသီးခိုင်(FBP) လောင်စာသုံး Biomass Thermal Power Plant (၂၆)မဂ္ဂါဝပ် အလတ်စားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်ကိစ္စနှင့်စပ်လျဉ်း၍ MOA စာချုပ်နှင့် PPAစာချုပ် ချုပ်ဆိုနိုင်ရေးအတွက်တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့်လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ မြစ်ကြောင်းအတွင်း သဲသောင်တူးဖော်ခြင်း စီမံကိန်းနှင့်စက်မူဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအတွက် ကွင်းဆင်းစိစစ်ရေးနှင့်စာချုပ်(မူကြမ်း)များ စိစစ်ရေးကော်မတီ သို့လာရောက် ရှင်းလင်းတင်ပြသည့်အခမ်းအနားကို ယနေ့နံနက် ၉ နာရီ ကထားဝယ်မြို့၊ တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်နှင့် ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူအချို့သည် ဒေါင်းမြူးချောင်းကို အခြေခံ၍ သီးနှံမျိုးစုံ စိုက်ပျိုး လျက်ရှိရာ အက်စတာမေမြို့ပန်းသည် စိုက်ပျိုးသူများပြားသော်လည်း ယခင်နှစ်ထက် စျေးကောင်းရရှိကြောင်း သိရသည်။
Dec 27,2021
မော်လမြိုင်ခရိုင်၊ လမိုင်းမြို့အတွင်းရှိ ရပ်ကွက်နေပြည်သူများ ​ပူပြင်းခြောက်သွေ့တဲ့ရာသီ ရောက်ရှိလာသည့်အတွက် မီးဘေးအန္တရာယ်​​ကြိုတင်ကာကွယ်ရေး အသိပညာပေး နိူးဆော် ချက်များကိုယမန်နေ့ ည ၇ နာရီက အသိပညာ​ပေးနှိုးဆော်ချက်များ ဆောင်ရွက်ခဲ့ကြသည်။ 
Dec 27,2021
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် စည်ပင်သာယာစျေးတွင် မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်မှု သရုပ်ပြသခြင်းနှင့် စစ်ဆေးခြင်းများကို ယနေ့ နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရသည်။