အမြို့မြို့အနယ်နယ်သတင်းများ

Dec 29,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Communtty Centre ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉နာရီ က ပြုလုပ်ကျင်းပခဲ့သည်။
Dec 29,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)  ခန်းမ၌  (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို  အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ကြောင်း သိရသည်။
Dec 29,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊‌ ညောင်လေးပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ် စာစောင်ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြသခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ စည်ပင်သာယာရေးဌာနမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကဏ္ဍအလိုက် စီမံချက်များ ရေးဆွဲကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Dec 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းရှိ ကျေးရွာများအား အိမ်နံပါတ်၊ လမ်းအမည်များ သတ်မှတ်နိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။
Dec 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ် အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ အိုမီခရွမ် (omicrom) မျိုးရိုးဗီဇပြောင်း ရောဂါကြို တင်ကာကွယ်ရေးအသိ ပညာပေး နှိုးဆော်ခြင်းကို ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီဌာန ၀န်ထမ်းများက ယမန်နေ့နံနက်၉နာရီအချိန်က မြို့နယ်အတွင်းရှိ ပြည်သူများ သိရှိ‌လိုက်နာ ဆောင်ရွက်စေရန် လက်ကိုင်(Hand speaker)ဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
Dec 29,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ အင်္ဂနီကျေးရွာအတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အင်္ဂနီကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခွနေရာ များတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်/ဆောင်းဘောက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
Dec 29,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ၂၀၂၂ ဇန်နဝါရီ လ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အထက(၁) ကျောင်း၊ အထက(၂)ကျောင်းနှင့်၊ အမက-အရှေ့ရပ်ကျောင်းတို့၌ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ် တွင် စောင်ရေ (၂၅၆)စောင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။