အမြို့မြို့အနယ်နယ်သတင်းများ

Dec 29,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ကော့သောင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ် ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကယကံရှင်များထံပေးအပ်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက ကော့သောင်းမြို့၊ မဉ္ဇူသကပြည်သူ့ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ပြုလုပ်သည်။
Dec 29,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီက ဆက်လက် ကျင်းပ ပြုလုပ်ခဲ့​သည်။
Dec 29,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ကြိုတင်ကာကွယ်ရေး အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများမှ ယနေ့ နံနက် ၇ နာရီက ဗိုလ်ချုပ် အားကစားကွင်းအတွင်းရှိ ယာယီပျံကျဈေးအတွင်းမှ ဈေးရောင်း၊ ဈေးဝယ်များ၊ လမ်းသွားလမ်းလာများနှင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်စီးနင်းသူများအား အသိပညာပေး နှိုးဆော်ခြင်း၊ အသိပညာပေး လက်ကမ်း စာစောင်ဖြန့်ဝေခြင်းနှင့် နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 29,2021
ကရင်ပြည်နယ် ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   ဝန်ထမ်းများက    ယမန်နေ့မွန်းလွဲပိုင်းက ကျေးရွာများသို့ ကရင်/မြန်မာ နှစ်ဘာသာဖြင့် လှည့်လည် နှိုးဆော် ပေးလျက်ရှိသည်။
Dec 29,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန်ဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ရေးနှင့် အိမ်အပြင်ထွက်သူတိုင်း နှားခေါင်းစည်း Mask တပ်ဆင်သွားလာရေး အသိပညာပေးဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက မင်းဘူးမြို့ တောင်လှည်းကောက်လမ်းဆုံ၊ မြောက်လှည်းကောက်အဝိုင်းပတ်နှင့် ကန်ရေ စစ်ဆေးရေးဂိတ်တို့တွင် သုံးနေရာခွဲ၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 29,2021
မကွေးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး (၁/၂၀၂၁)ကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်က တိုင်း‌ဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်း‌ဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာ ဝန်ကြီး ဦးစိုးပိုင်မြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
Dec 29,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းအို မီခရွန်နဲ့ အခြားရောဂါပိုးများအကြောင်း သိကောင်းစရာ ပညာပေးလက်ကမ်းစာစောင် များဖြန့်ဝေခြင်း ကို ယနေ့ နံနက် ၈ နာရီခွဲအချိန်မှစတင်ပြီး ညောင်ဦးမြို့နယ်အတွင်း နေရာလေးနေရာခွဲ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Dec 29,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊  ကံမမြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၅ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမှတ်(၄) ရပ်ကွက်စံပြရပ်၌ ဆောင်ရွက်ခဲ့ကြသည်။