Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
+
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လိပ်သိုမြို့တွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသ
Jan 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်နှင့် အလွယ်တကူလေ့လာဖတ်ရှုနို်ငရန် ရည်ရွယ်၍ ယနေ့ နံနက်ပို်ငးက ရုံးရှေ့မြေစိုက်ဘုတ်တွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ် စာစောင် ပြသဆောင်ရွက်ထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပျော်ဘွယ်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအသင်းနှင့် စာပေဝါသနာရှင်များစုပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်
Jan 12,2022
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်ရှိ စာပေချစ်မြတ်နိုးသူများအသင်းဝင်(Book Club)များနှင့် စာပေဝါသနာရှင်များစုပေါင်း၍ စာရေးသူ “နိုက်”ရေးသားသည့် သားနှင့်သမီးသို့ပေးစာများ စာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကို ယမနနေ့နံနက်(၁၀)နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေး လှည့်လည်နှိုးဆော်
Jan 12,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး နည်းလမ်းများကို ပြည်သူများ အသိ၊ သတိရှိစွာ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်မြို့ပေါ်ရပ်ကွက်/ ကျေးရွာများ အတွင်း ယနေ့ နံနက်ပိုင်းက အသံချဲ့စက်ဖြင့် လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကိုယ်ဝန်ဆောင်မိခင်များနှင့်မွေးစမှအသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ
Jan 12,2022
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးစမှ အသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကာလိမြို့၌ မီးငြိမ်းသတ်ရေးကွင်းဆင်းသရုပ်ပြ
Jan 12,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် ယမန်နေ့ မွန်းတည့် (၁၂)နာရီအချိန်က ကာလိမြို့၊ မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ရေး သရုပ်ပြပွဲကို အမှတ်(၁)ရပ်ကွက်ရှိ မြို့မဈေးနှင့်အမှတ်(၄)ရပ်ကွက်ရှိ တင်းလီဈေးတို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကဝမြို့နယ် ကျေးရွာများအတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Jan 12,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အင်းဝကျေးရွာနှင့် ခနာကျေးရွာများအတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အင်းဝကျေးရွာနှင့် ခနာကျေးရွာ အတွင်းရှိ လမ်းဆုံလမ်းခွ နေရာများတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် လိုက်လံ နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု တစ်သိန်းခွဲခန့်ထိုးပေးနိုင်ပြီဖြစ်
Jan 12,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်မှုအခြေအနေ ယနေ့ နံနက်ပိုင်းအချိန်ထိ ၁၄၅၈၃၄ ဦးထိုးနှံ ပေးခဲ့ပြီ ဖြစ်ကြောင်း၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ဘေးရှောင် ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေး
Jan 12,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း စစ်ဘေးရှောင် ကျေးလက်နေပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းအဖြစ် ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့၌ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စိုင်းထွန်းလှိုင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် ယာယီစစ်ရှောင်စခန်း များအထိ ကွင်းဆင်းကာ ဝန်ဆောင်မှုများ ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
19338
Page
19339
Page
19340
Page
19341
Current page
19342
Page
19343
Page
19344
Page
19345
Page
19346
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department