Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နမ့်စန်မြို့ မြို့ဦး အ.ထ.က(ခွဲ)ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ
Jan 04,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ အ.ထ.က(ခွဲ) မြို့ဦးကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ
Jan 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင်၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် အလေးပြုခြင်းကို ဇန်နဝါရီလ ၄ ရက် နံနက် ၄ နာရီ ၂၀ မိနစ်အချိန်တွင် လမ်းမတော်မြောက်ရပ်ကွက် အဒါးလမ်းရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ နယ်မြေခံရဲတပ်ဖွဲ့၏ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ဒုရဲအုပ်သိန်းသန်းဌေးက နိုင်ငံတော်အလံကို လွှင့်တင်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားသို့ တက်ရောက်အလေးပြုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ချစ်ကြည်ရေး တာဝေးစက်ဘီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ
Jan 04,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ ဇန်နဝါရီလ ၃ ရက်နေ့က စက်ဘီးပြိုင်ပွဲကို အမျိုးအစား (၂)မျိုးဖြင့် ကျင်းပပြုလုပ်ပေးခဲ့ပြီး Road Bike ပြိုင်ပွဲအဖြစ် အောင်လံ-ကျော်စွာ- အောင်လံ အသွားအပြန် (၅၄)မိုင်ကို အားကစားသမား (၁၉)ဦး၊ Mountain Bike ပြိုင်ပွဲအဖြစ် အောင်လံ-ပျဉ်းပင်လှ-အောင်လံ အသွားအပြန် (၃၄)မိုင်ကို အားကစားသမား (၃၀)ဦးတို့အား အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား ကျင်းပ
Jan 04,2025
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယနေ့နံနက် ၄ နာရီ မိနစ် ၂၀ က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး တန်းစီကွင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား ကျင်းပ
Jan 04,2025
မကွေးတိုင်းဒေသကြီး သရက်မြို့၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယနေ့ နံနက် ၄:၂၀ နာရီက သရက်ခရိုင်ခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံတင်အခမ်းအနားကျင်းပ
Jan 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အထက်ပိုင်းရပ်ကွက်ရှိ လွတ်လပ်ရေးပန်းခြံတွင် ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံတင်အခမ်းအနားကို ယနေ့နံနက် (၄) နာရီ (၂၀)မိနစ်အချိန်တွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်ခြင်းနှင့် နိုင်ငံတော်အလံအလေးပြုခြင်း အခမ်းအနားကျင်းပ
Jan 04,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်ခြင်းနှင့် နိုင်ငံတော်အလံအလေးပြုခြင်းအခမ်းအနားကို ယနေ့နံနက် ၄ နာရီ ၂၀ အချိန်က သရက်ချောင်းမြို့၊ မြို့မရပ်ကွက်ရှိ လွတ်လပ်ရေးကျောက်တိုင်ဝင်းအတွင်း ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းဘူးခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး အဆောက်အအုံအသစ် ဖွင့်လှစ်
Jan 04,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းဘူးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး အဆောက်အအုံအသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က အဆိုပါရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1929
Page
1930
Page
1931
Page
1932
Current page
1933
Page
1934
Page
1935
Page
1936
Page
1937
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department