အောင်လံမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ချစ်ကြည်ရေး တာဝေးစက်ဘီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

အောင်လံ ဇန်နဝါရီ ၄

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ ဇန်နဝါရီလ ၃ ရက်နေ့က စက်ဘီးပြိုင်ပွဲကို အမျိုးအစား (၂)မျိုးဖြင့် ကျင်းပပြုလုပ်ပေးခဲ့ပြီး Road Bike ပြိုင်ပွဲအဖြစ် အောင်လံ-ကျော်စွာ- အောင်လံ အသွားအပြန် (၅၄)မိုင်ကို အားကစားသမား (၁၉)ဦး၊ Mountain Bike ပြိုင်ပွဲအဖြစ် အောင်လံ-ပျဉ်းပင်လှ-အောင်လံ အသွားအပြန် (၃၄)မိုင်ကို အားကစားသမား (၃၀)ဦးတို့အား အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ဆုရကစားသမားများအား ပထမဆု(၇)သိန်း၊ ဒုတိယဆု(၅)သိန်း၊ တတိယဆု (၄)သိန်း၊ စတုတ္ထဆု(၃)သိန်း၊ ပဉ္စမဆု(၂)သိန်း၊ ဆဌမဆု(၁)သန်း၊ နှစ်သိမ်ဆု (၁)မှ(၄)အထိ (၅)သောင်း၊ ဇွဲဆု (၁)မှ(၁၀)အထိ (၂)သောင်းစီနှင့် လက်ဆောင်ပစ္စည်းများ၊ ဆုတံဆိပ်များအား အောင်လံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇေယျာမြတ်သူနှင့် အဖွဲ့ဝင်များမှ ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆု၊ ဇွဲဆု ရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ပေးခဲ့ပြီး အထူးဆုအနေဖြင့် ယခုနှစ်စက်ဘီးပြိုင်ပွဲတွင် အမျိုးသားများနှင့်တန်းတူ အမျိုးသမီးတစ်ဦးဖြစ်သည့် အောင်လံမြို့မှ မခင်လဲ့လဲ့ထွဋ် ၊ အသက် (၇၀)ကျော်ဖြင့် အသက်အကြီးဆုံး သရက်မြို့မှ ဦးမြတ်ခိုင်တို့အား ဆုများအသီးသီး ပေးအပ်ခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူများနှင့် အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

အာကာ (ပြန်/ဆက်)