သရက်ချောင်း ဇန်နဝါရီ ၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်ခြင်းနှင့် နိုင်ငံတော်အလံအလေးပြုခြင်းအခမ်းအနားကို ယနေ့နံနက် ၄ နာရီ ၂၀ အချိန်က သရက်ချောင်းမြို့၊ မြို့မရပ်ကွက်ရှိ လွတ်လပ်ရေးကျောက်တိုင်ဝင်းအတွင်း ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး ဟန်ဇော်ထွန်းနှင့် အဖွဲ့ဝင်များ၊ နယ်မြေခံတပ်နယ်မှူးနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကာ အခမ်းအနားအား စတင်ခဲ့သည်။
ထို့နောက် ဂုဏ်ပြုတပ်ဖွဲ့မှ နိုင်ငံတော်အလံလွှင့်တင်ခြင်းနှင့် နိုင်ငံတော်အလံအား အလေးပြုကာ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)