အမြို့မြို့အနယ်နယ်သတင်းများ

Jan 03,2025
(၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၅)ကို ဇန်နဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက ဟားခါးမြို့ ၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 03,2025
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂ ရက်၊ နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ကျောင်းသား/သူများ တက်ရောက်ကြသည်။
Jan 03,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေး နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းကစတင်၍ ယူနိုက်တက်ဖူဆယ်ဘောလုံးကွင်းတွင် အခြေခံပညာမူလတန်း ကျောင်းပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
Jan 03,2025
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇန်နဝါရီလ ၂ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဦးစီးဌာန၊ နန္ဒဝန်ဝန်ထမ်းအိမ်ရာ၌ နေထိုင်ကြသည့် အရာထမ်း/အမှုထမ်းများနှင့် မိသားစုဝင်များ စားသောက်ရေးအတွက် အဆင်ပြေစွာဝယ်ယူနိုင်စေရန် ဝန်ထမ်းအိမ်ရာဝန်းအတွင်း ဈေးဆိုင်ခန်းပေါင်း ၂၀ ခန်းပါဝင်မည့် သံဖရိမ်ဈေးရုံ အလျား - ၆၀ ပေ၊ အနံ ၄၀ ပေ တည်ဆောက်မည့်မြေနေရာသို့ ရောက်ရှိကြသည်။
Jan 03,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဆုတောင်းပြည့်စေတီတော်ကြီး၌ အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲနှင့် ရန်အောင်မြင်စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရန် အလှူငွေများလှူဒါန်းခြင်း အခမ်းအနားကို ဇန်နဝါရီလ ၂ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အဆိုပါစေတီတော်ကြီးဝန်းအတွင်းရှိ ဘောဂရံသီဝိပဿနာဓမ္မာရုံကြီး၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များ တက်ရောက်ကြသည်။
Jan 03,2025
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
Jan 03,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယမန်နေ့နံနက် (၉)နာရီ အချိန်က စတင် ထိုးနှံတိုက်‌ကျွေး ပေးခဲ့ကြောင်း သိရသည်။
Jan 03,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ခရိုင်၊ ငပုတောမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအားကစားပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ (၁)နာရီ အချိန်က တောင်ကလေးအခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။