နမ့်စန်မြို့ မြို့ဦး အ.ထ.က(ခွဲ)ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

နမ့်စန်(တ) ဇန်နဝါရီ ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ အ.ထ.က(ခွဲ) မြို့ဦးကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းသား/ကျောင်းသူများက ပညာရေးစုံညီပွဲတော်သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

ထို့နောက် အမှတ်(၇၃)သံချပ်ကာစစ်ဆင်ရေး ခေတ္တကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးမင်းသန်းနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်လင်းလင်းထိုက်တို့က အမှာစကား ပြောကြားခဲ့ကြပြီး အ.ထ.က(ခွဲ) မြို့ဦးကျောင်းအုပ် ဆရာမကြီး ဒေါ်မေရီမြင့်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အမှတ်(၇၃)သံချပ်ကာစစ်ဆင်ရေး ခေတ္တကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးမင်းသန်း၊ အမှတ်(၇၃)သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဦးစီး(ပထမတန်း) ဒုတိယဗိုလ်မှူးကြီး သန့်ဇင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးဇေယျာဟန်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ကျော်မိုး နှင့်ဌာနဆိုင်ရာအကြီးအကဲများ ၊ပင်လုံတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဒေါ်သဲစုမွန်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်လင်းလင်းထိုက်၊ အထက(ခွဲ)မြို့ဦးကျောင်းအုပ် ဆရာမကြီး ဒေါ်မေရီမြင့်နှင့် တာဝန်ရှိသူများက  မြို့နယ်အဆင့်များတွင် အားကစားနှင့်ဘာသာရပ်ထူးချွန်ဆု ရရှိသူများ၊ အထိမ်းအမှတ်နေ့ ပြိုင်ပွဲများတွင် ဆုရရှိသူများ၊ ကျောင်းသားအားကစားပြိုင်ပွဲများနှင့် အတန်းအလိုက် ဘာသာရပ်ထူးချွန်ဆုရရှိသူ ကျောင်းသားကျောင်းသူများနှင့် ကျောင်းတက်မှန်ဆုရ ဆရာ/ ဆရာမများကို ဆုတံဆိပ်၊ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် အ.ထ.က(ခွဲ)မြို့ဦးကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများက တိုင်းရင်းသားရိုးရာ အကအလှများ၊ တေးသီချင်းများဖြင့် အခမ်းအနားတက်ရောက် လာကြသူများကို သီဆိုကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)