မိုင်းယောင်းမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား ကျင်းပ

မိုင်းယောင်း ဇန်နဝါရီ ၄

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယနေ့နံနက် ၄ နာရီ မိနစ် ၂၀ က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး တန်းစီကွင်း၌ ကျင်းပသည်။

အလံတင်အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား တိုင်အပြည့်လွှင့်ထူပေးပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ တိုင်းရင်းသားပြည်သူများ၊ တိုင်းလိ/ လားဟူ/ အာခါ ယဉ်ကျေးမှုကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ အသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား ၁၀၀ ဦးက နိုင်ငံတော်အလံအား အလေးပြုကြသည်။

မြို့နယ်(ပြန်/ဆက်)