သရက်မြို့၌ (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား ကျင်းပ

သရက် ဇန်နဝါရီ ၄

မကွေးတိုင်းဒေသကြီး သရက်မြို့၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယနေ့ နံနက် ၄:၂၀ နာရီက သရက်ခရိုင်ခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့မှ နေရာယူ၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို လွှင့်ထူပြီး  နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် ကျဆုံးလေပြီးသော ခေါင်းဆောင်များ ရဲဘော်အပေါင်းတို့အား အလေးပြုခြင်းများကို ဂုဏ်ပြုတပ်ဖွဲ့နှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာ အကြီးအကဲများမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)