သီပေါ ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဘော်ကြိုကျေးရွာ ဘော်ကြိုဘုရားကြီး တိုက်ပွဲရှောင်စခန်းတွင် ယမန်နေ့နံနက်ပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)၏ ကူညီပံ့ပိုးမှုဖြင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌနှင့် တပ်ဖွဲ့ဝင်များက မိုင်းအန္တရာယ် အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးစိုင်းဇော်ဝင်းက မြေမြုပ်မိုင်းများနှင့် ပေါက်ကွဲစေနိုင် သော စစ်လက်နက်အကြွင်းအကျန်များ၏ အန္တရာယ်များအကြောင်း၊ ၎င်းတို့အားတွေ့ရှိပါက ချဉ်းကပ် ခြင်း၊ ကိုင်တွယ်ခြင်းများ မပြုလုပ်ကြရန်နှင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် နီးစပ်ရာ လူတစ်ဦးဦးကို အသိပေး အကြောင်းကြားရမှာဖြစ်ကြောင်းစသည့်အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်းနှင့် မိုင်းအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဘော်ကြိုဘုရားကြီး တိုက်ပွဲရှောင်စခန်းတွင် ရောက်ရှိနေသော ကလေးသူငယ်များ ပျော်ရွှင်စေရန်အတွက် ကဗျာရွတ်ဆိုစေခြင်း၊ ဆေးရောင်ခြယ်စေခြင်းများကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ ကြောင်းနှင့် တိုက်ပွဲရှောင်ပြည်သူ လူကြီး၊ ကလေးအားလုံးအတွက် နှာခေါင်းစည်း(Mask)များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)