အမြို့မြို့အနယ်နယ်သတင်းများ

Jan 20,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ယာယီစျေးအတွင်းငှက်ပျောဖီးများ လှိုင်လှိုင်ပေါ သော်လည်းငှက်ပျောဖီး စျေးကောင်းသည့်အတွက် စျေးရောင်းချသူများ အဆင်ပြေ လျက်ရှိကြောင်း ငှက်ပျောဖီးရောင်းချသူ ဦးဝင်းမောင်ထံမှ သိရသည်။
Jan 20,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို မကွေးတိုင်း ဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Jan 20,2022
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံညှိနှိုင်းကြသည်။
Jan 20,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 20,2022
 မန္တလေးတိုင်းဒေသကြီး ၊ မလှိုင်မြို့ပေါ် ရပ်ကွက်ကြီး(၄)ခုတွင် ဆဌမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Covid Sheild) ဆက်လက် ထိုးနှံခြင်းကို   အ.ထ.က(မလှိုင်)၌ ယမန်နေ့ က ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ထံမှသိရသည်။  
Jan 20,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း၊ ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရန်နှင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ဆက်လက်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးများကို ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းနှင့် အသက်၁၈နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဗဟန်းမြို့နယ် ကြားတောရလမ်းရှိ မင်္ဂလာစျေးဓမ္မာရုံနှင့်သိမ်ကြီးစျေး ဓမ္မာရုံတို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ပေးလျက်ရှိသည်။
Jan 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ် မြတ်နိုးသူပြည်သူများ စာပေဗဟုသုတရရှိစေ ရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို နေ့စရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက စာရေးသူမြဝင်း(ဒဿန) ရေးသားထားသည့် “ဇော်ဂျီ၏ရသပညာ” စာအုပ်ဖြင့် စာအုပ်မိတ်ဆက် ခြင်းအစီအစဉ်ကို ရိုက်ကူးထုတ်လွှင့်တင်ဆက်ခဲ့သည်။
Jan 20,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်နိုင်ရေး အတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အသက်(၁၈)နှစ်အထက် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသော ပြည်သူများအား ယနေ့ နံနက် ၉ နာရီမှစတင်ကာ အောင်တရပ်ကွက်၊ သင်္ဘောဆိပ်အနီး မြို့တော်ခန်းမ၌ ကိုဗစ်ကာကွယ်ဆေးများအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများမှ ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။