Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တံတားဦးမြို့နယ်တွင်ကိုဗစ်-၁၉ ကာကွယ်ဆေး ပဉ္စမအသုတ် (Second Dose )တွင်(၁၃၁၀၀)ဦးနှင့် ဆဋ္ဌမအသုတ် ( First Dose ) တွင်(၃၉၈၂)ဦး ထိုးနှံပြီးစီး
Jan 21,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုများနှင့်အညီ ပဉ္စမအသုတ် (Second Dose)နှင့် ဆဋ္ဌမအသုတ် ( First Dose )များ၌ အသက်(၁၈)နှစ်အထက် ပြည်သူများ၊ သာသနာ့ ဝန်ထမ်း များ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ၊ နိုင်ငံဝန် ထမ်း မိသားစုများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ စက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊ ပုဂ္ဂလိကပို့ဆောင်ရေး ဝန်ထမ်းများ၊ စူပါမားကတ်ဈေးရောင်းချသူများ စသည်တို့ကို ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်၌ ဆည်ရေ ကန်ရေသောက်စနစ်ဖြင့် နွေစပါးစိုက်ဧက ၈၀၀ ကျော်စိုက်ပျိုးသွားမည်
Jan 21,2022
မိတ္ထီလာမြို့နယ်၌ ၂၀၂၁-၂၀၂၂ခုနှစ်တွင် ဆည်ရေ၊ ကန်ရေသောက်စနစ်ဖြင့် နွေစပါးစိုက်ဧက ၈၀၀ ကျော် စိုက်ပျိုး သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့တွင် မီနီဂေါက်ကွင်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Jan 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြို့ကွက်သစ်ရပ်ကွက်ရှိ မီနီဂေါက်ကွင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပလောက်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါအသိပညာပေး နှိုးဆော်ခြင်းဆောင်ရွက်
Jan 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များ အား အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မှဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များသို့ Hand Speaker ဖြင့် လှည့်လည်နှိုး ဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့နယ် ဖိုးသာခွေးကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်…
Jan 21,2022
ဧရာ၀တီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ဇန်နဝါရီ ၁၉ ရက်နေ့ နံနက်(၈)နာရီက ဖိုးသာခွေးကျေးရွာအုပ်စု ရှိပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကျေးရွာများအရောက် ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရသူရိမြို့၊ အေးမြသာယာကျေးရွာ၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောပွဲကျင်းပ
Jan 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ အေးမြသာယာကျေးရွာ၌ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်လွဲ ၂ နာရီက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပနေ
Jan 21,2022
ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ရောက်ရှိမည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့မအောက်ပိုင်းဘောလုံးကွင်းတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲအား ဇန်နဝါရီ(၁၃)ရက်နေ့မှ စတင် ကျင်းပခဲ့ပြီး ယခုအချိန်တွင် အေးချမ်းသာယာစွာဖြင့် ဘောလုံးပွဲများအား ဆက်လက် ယှဉ်ပြိုင်ကျင်းပလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
အမာမြို့၊ (၃)ရပ်ကွက်တွင် နေသူရိန်လမ်းကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်
Jan 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ (၃)ရပ်ကွက်ရှိ နေသူရိန်လမ်းမကြီး ကတ္တရာ ထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
19230
Page
19231
Page
19232
Page
19233
Current page
19234
Page
19235
Page
19236
Page
19237
Page
19238
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department