ကရသူရိမြို့၊ အေးမြသာယာကျေးရွာ၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောပွဲကျင်းပ

ကရသူရိ ဇန်နဝါရီ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊  ကရသူရိမြို့၊ အေးမြသာယာကျေးရွာ၌ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်လွဲ ၂ နာရီက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောရာတွင် ကရသူရိမြို့နယ်မြေစခန်းမှူး ရဲအုပ်ဝင်းသိန်းက မူးယစ်ဆေးဝါးအန္တရာယ်ကို ကြိုတင် ရှောင်ရှားနိုင်ရေးအတွက် မူးယစ်ဆေးဝါသုံးစွဲမှုကြောင့် ဆိုးကျိုးများ ဖြစ်ပေါ်လာပုံ၊ စိတ်ကြွဆေး လတ်တလော သုံးစွဲမှုလက္ခဏာများအကြောင်း၊ ရေရှည်သုံးစွဲမှုလက္ခဏာများ၊ စိတ်ကြွရူးသွပ်ဆေး ဆိုသည်မှာ၊ WY၊ ဘိန်းဖြူ/ဘိန်းမဲ၊ ဆေးခြောက်၊ Ice(ခေါ်)ရေခဲစသည့် သုံးစွဲခြင်း ကြောင်း ဆိုးကျိုးများရရှိ ပုံတို့ကို အဆင့်ဆင့်ပညာပေးပြောကြားသည်။ ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ မိမိတို့ ရပ်ရွာအတွင်း မူးယစ်ဆေးဝါးအန္တရာယ် ကင်းရှင်းရေးအတွက် ဒေသခံမိဘပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး၊ လူငယ်/လူရွယ်များ မူးယစ် သားကောင် မဖြစ်ပေါ်စေရေးအတွက်    ဝိုင်းဝန်းတားဆီးကာ မူးယစ် ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေးလုပ်ငန်းစဉ်များကို ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ကြောင်း အဆိုပါဟောပြောပွဲသို့ ဒေသခံမိဘပြည်သူများနှင့် လူငယ်/လူရွယ်(၃၀)ဦးခန့် တက်ရောက်ခဲ့ ကြောင်း သိရသည်။

ကရသူရိ (ပြန်/ဆက်)