ဘိုကလေးမြို့နယ်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပနေ

ဘိုကလေး ဇန်နဝါရီ ၂၁

ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ရောက်ရှိမည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့မအောက်ပိုင်းဘောလုံးကွင်းတွင်  ပြည်ထောင်စု ငြိမ်းချမ်းရေးဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲအား ဇန်နဝါရီ(၁၃)ရက်နေ့မှ စတင် ကျင်းပခဲ့ပြီး ယခုအချိန်တွင် အေးချမ်းသာယာစွာဖြင့် ဘောလုံးပွဲများအား ဆက်လက် ယှဉ်ပြိုင် ကျင်းပလျက်ရှိသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲအား အားကစားစိတ်ဓာတ် အခြေခံ၍ အမျိုးသားရေးစိတ်ဓာတ်များဖြင့် ယှဉ်ပြိုင် ဆော့ကစားစေရေးနှင့် မြို့နယ် လက်ရွေးစင်အားကစားသမားများအဖြစ်မှ နိုင်ငံဂုဏ်ဆောင် အားကစား သမားများအဖြစ်     ဖြစ်ထွန်းအောင်မြင်ရေး တို့ကို ရည်ရွယ်၍ဖေဖော်ဝါရီ(၇)ရက်အထိ  ကျင်းပသွားမည်ဖြစ်ကြောင်း၊  ဟိုင်းစီကျေးရွာ၊ ဆတ်ကျွန်းကျေးရွာ၊ မင်းဂံကျေးရွာ၊ ပဝိန်ကျေးရွာ၊ ကျွန်းညိုကြီးကျေးရွာ၊ ဘုရားချောင်းကျေးရွာ၊ မြင်းကကုန်းကျေးရွာ၊ စိန်ဟိုင်းကျေးရွာ၊ဒေါင့်ကြီး ကျေးရွာ၊ သကံဝကျေးရွာ၊ မဂူကျေးရွာ၊ ကဒုံကနိကျေးရွာ၊ ဟေမာန်ကျေးရွာ၊ညီနောင်ဝ ကျေးရွာ၊ သာပေါင်းကျေးရွာ ၊ဖိုးဒီကွဲကျေးရွာ၊ သပြုကုန်းကျေးရွာစသည့် ကျေးရွာအသင်း(၁၇)သင်း ပါဝင် ယှဉ်ပြိုင်ကြကြောင်းသိရသည်။