တံတားဦးမြို့နယ်တွင်ကိုဗစ်-၁၉ ကာကွယ်ဆေး ပဉ္စမအသုတ် (Second Dose )တွင်(၁၃၁၀၀)ဦးနှင့် ဆဋ္ဌမအသုတ် ( First Dose ) တွင်(၃၉၈၂)ဦး ထိုးနှံပြီးစီး

တံတားဦး  ဇန်နဝါရီ  ၂၁

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုများနှင့်အညီ ပဉ္စမအသုတ်  (Second Dose)နှင့် ဆဋ္ဌမအသုတ် ( First Dose )များ၌ အသက်(၁၈)နှစ်အထက် ပြည်သူများ၊ သာသနာ့ ဝန်ထမ်း များ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ၊  နိုင်ငံဝန် ထမ်း မိသားစုများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ စက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊ ပုဂ္ဂလိကပို့ဆောင်ရေး ဝန်ထမ်းများ၊ စူပါမားကတ်ဈေးရောင်းချသူများ စသည်တို့ကို ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရသည်။

တံတားဦးမြို့နယ်၌ ဇန်နဝါရီလ(၂၀)ရက်နေ့ထိ ပဉ္စမအသုတ် (Second Dose) ကာကွယ်ဆေး ထိုးနှံပြီး စီးသူ အသက်(၁၈)နှစ်အထက်  ဘုန်းတော်ကြီးနှင့် သီလရှင်( ၅၇ )ဦး ၊ နိုင်ငံဝန်ထမ်း( ၁၉၃ ) ဦး၊ အစိုးရ ကျန်းမာရေးဝန်ထမ်း(၁)ဦး ၊ ပုဂ္ဂလိကကျန်’မာရေးဝန်ထမ်း(၄)ဦး၊  ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်း( ၅ )ဦး ၊ ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်း( ၂၆ )ဦး ၊ ပုဂ္ဂလိက ဘဏ်နှင့်ငွေကြေးဝန်ဆောင်မှုလုပ်ငန်း( ၁၅ ) ဦး ၊ ပုဂ္ဂလိကပညာရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်(၇)ဦး ၊ သယ်ယူပို့ဆောင်ရးလုပ်ငန်း လုပ်ကိုင်သူ (၇)ဦး ၊ အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ( ၁၁၅၄၇ )ဦး ၊ စားသောက်ကုန်ပစ္စည်းရောင်းချသူ / လက်ဖက်ရည်ဆိုင်/စားသောက်ဆိုင်များမှဝန်ထမ်း (၈ )ဦး ၊  မှီခိုနေထိုင်သူ( ၁၂၃၀ )ဦး ၊ စုစုပေါင်း( ၁၃၁၀၀ )ဦး၊ ဆဋ္ဌမအသုတ် ( First Dose ) တွင်  ဘုန်းတော်ကြီးနှင့် သီလရှင်( ၃၆ )ဦး ၊ နိုင်ငံဝန်ထမ်း( ၈၉ )ဦး၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်း(၁) ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်း(၃)ဦး၊ အခြားဝင်ငွေ ရှိသော လုပ်ငန်းလုပ်ကိုင်သူ( ၃၄၀၈ )ဦး ၊ စားသောက်ကုန်ပစ္စည်းရောင်းချသူ/လက်ဖက်ရည်ဆိုင် / စားသောက်ဆိုင်များမှဝန်ထမ်း ( ၁၀ )ဦး ၊  မှီခိုနေထိုင်သူ( ၄၃၅ )ဦး ၊   စုစုပေါင်း( ၃၉၈၂ ) ဦးကိုဗစ်-၁၉ ‌ရောဂါ ကာကွယ် ၊ ထိန်းချုပ်ဆေးထိုးနှံပြီးစီးကြောင်းသိရသည်။

အဆိုပါကာကွယ်ဆေး ပဉ္စမအသုတ်  (Second Dose)နှင့် ဆဋ္ဌမအသုတ် ( First Dose ) ထိုးနှံပေးခြင်းကို  မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ရှင်လူမှုရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဆေးထိုးစုရပ်များ၌ သတ်မှတ်ဦးစားပေး အုပ်စုများနှင့်အညီ   ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရဲတင့်