အမြို့မြို့အနယ်နယ်သတင်းများ

Jan 21,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက အားကစားဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်းစက်ဘီးစီး ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
Jan 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ကျ ဌာနဆိုင်ရာများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး Mask Campaign ပြုလုပ်ခြင်းကို ပဲခူး-ကဝလမ်းမကြီး ရှမ်းကန်လမ်းဆုံ၌ ယနေ့နံနက်(၉:၀၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 21,2022
မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားဝန်ထမ်းများအား ယနေ့နံနက်ပိုင်းတွင် အငြိမ်းစားပင်စင်လစာငွေများကို ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Jan 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်း​ချောင်းမြို့နယ် ပြန်ကြာရေးနှင့် ပြည် သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက နေ့ထူးနေ့မြတ်ဖြစ်သည့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို သိရှိစေရန်နှင့် ဖေဖော်ဝါရီ(၁၂)ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုအထိမ်း အမှတ် ပြည်ထောင်စု နေ့(အကြို)နံရံကပ်စာစောင် ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။ 
Jan 21,2022
နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဂန့်ဂေါမြို့ ဘုရားကြီးမြောက် ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝေပုလ္လ၏ သက်တော်(၈၃)နှစ်ပြည့် ရတနတ္တပူဇာဝိဇာတ မွေးနေ့မင်္ဂလာကို ယမန်နေ့ နံနက်(၈)နာရီက ဘုရားကြီးမြောက် ကျောင်း၌ ကျင်းပပြုလုပ်သည်။
Jan 21,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာနှစ် (၆)လဘတ်ဂျက်၌ နတ်မောက်မြို့နယ်၊ သက်ရင်းတော ကျေးရွာတွင် လယ်ယာမြေဧက (၃၀၀၀) ကျော်အကျိုးပြုမည့် ကုန်ထုတ်လမ်း ဖောက်လုပ် လျက်ရှိကြောင်း သိရသည်။
Jan 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မြို့နယ်ဦးစီးမှူးရုံးနှင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့က မိုင်းချောင်း ကျေးရွာတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ပြီး မော်လိုက်ခရိုင်၊ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ က ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။