ပန်းတနော်မြို့တွင် မီနီဂေါက်ကွင်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ပန်းတနော်  ဇန်နဝါရီ  ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြို့ကွက်သစ်ရပ်ကွက်ရှိ မီနီဂေါက်ကွင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဆန်းဗိုလ်က မျိုးဆက်သစ်ဂေါက်သီးရိုက် အားကစား သမားများပေါ်ထွန်းလာရေး၊ ​ကိုယ်လက်လှုပ်ရှား အားကစား လေ့ကျင့်ခန်း လုပ်ဆောင်နိုင်ရေး ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပန်းတနော်မြို့ ဂေါက်ကလပ်အသင်းဥက္ကဋ္ဌဦးတင်စိုးမှ ဂေါက်ကွင်းဖွင့်လှစ်နိုင်ရန် ကူညီပံ့ပိုး ဆောင်ရွက်ပေးကြ သော တာဝန်ရှိပုဂ္ဂိုလ်များအား ကျေးဇူးတင်စကားပြောကြား ခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဆန်းဗိုလ်နှင့် အဖွဲ့ဝင်( ၁)ဗိုလ်မှူးဇေယျာမြင့် ဂေါက်ကွင်းအသင်းဥက္ကဋ္ဌနှင့် နာယကတို့မှ ဂေါက်သီးရိုက် စတင်ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာကြသည့်ဒေသအသီးသီးမှ ဂေါက်ကလပ်အဖွဲ့ဝင်များ၊ ဂေါက်သီးရိုက် ဝါသနာ ရှင်များက ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)