အမြို့မြို့အနယ်နယ်သတင်းများ

Jan 24,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ  ကလေးစာဖတ်ခန်း၌  စက္ကူဖြင့် လိပ်ပြာရုပ်ခေါက်ခြင်းကို ယမန်နေ့နေ့ညနေ ၃နာရီက ပြုလုပ်ပေးခဲ့သည်။
Jan 24,2022
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအနေဖြင့် အားလပ်ချိန်ကို ပျော်ရွှင်မှုများဖြင့် အကျိုးရှိစွာအသုံးချနိုင်ရေးအတွက် စကားပြောစွမ်းရည် ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲများအား ယမန်နေ့ မွန်းလွဲပိုင်းက လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
Jan 24,2022
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် လျက်ရှိကြရာ ပခုက္ကူမြို့နယ်တွင် ယနေ့အထိ ကာကွယ်ဆေး နှစ်ကြိမ်လုံး အပြည့်အဝ ထိုးနှံပြီးသူ ခြောက်သောင်းရှစ်ထောင်ကျော်ရှိပြီ ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးက သိရသည်။
Jan 24,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် မကျည်းကုန်းကျေးရွာ၌ ရာသီပေါ်သီးနှံ စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုဝင်ငွေတိုးကာ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
Jan 24,2022
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုလောမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက လိပ်သောင်ကျေးရွာအုပ်စု ၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jan 24,2022
ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုအတွင်း မြေအောက်ရေတူးဖော်ကာ မြေအောက်ရေသွင်းစိုက်ပျိုးသည့် ဖီးကြမ်းငှက်ပျောစိုက်ပျိုး တောင်သူများလာကြောင်း ဖီးကြမ်းငှက်ပျောစိုက် တောင်သူများထံက သိရသည်။
Jan 24,2022
မြန်မာနိုင်ငံရှိ မြိို့မြို့အနယ်နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာအဖွဲ့မှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ
Jan 24,2022
ကိုဗစ်-၁၉အပါအဝင် ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရည်ရွယ်၍ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ ပူးပေါင်၍ မြို့တွင်လမ်းမကြီးနှင့် စျေးတို့၌အသံချဲ့စက်ဖြင့် နှိုးဆော်ပေးသည်။