ရသေ့တောင် ဇန်နဝါရီ ၂၄
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအနေဖြင့် အားလပ်ချိန်ကို ပျော်ရွှင်မှုများဖြင့် အကျိုးရှိစွာအသုံးချနိုင်ရေးအတွက် စကားပြောစွမ်းရည် ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲများအား ယမန်နေ့ မွန်းလွဲပိုင်းက လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်စံထွန်း က ပြိုင်ပွဲများ ကျင်းပရခြင်းရည်ရွယ်ချက်နှင့် စည်းကမ်းချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် စကားပြောစွမ်းရည်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများအား ဆက်လက် ကျင်းပခဲ့ရာ စကားပြောစွမ်းရည်ပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက ငါသာလျှင် အတော်ဆုံး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာဖတ်စွမ်းရည် ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက ရွှေသွေးဂျာနယ် အတွဲ(၅၃) အမှတ်(၄၂)မှ ဘယ်သူ့ကို မိတ်ဆွေဖွဲ့မှာလည်း ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးမှူးက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်စံထွန်း(ပြန်/ဆက်)