ပုလော ဇန်နဝါရီလ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုလောမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက လိပ်သောင်ကျေးရွာအုပ်စု ၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ပုလောမြို့နယ် လဝကဦးစီးမှူးရုံး ဦးစီးမှူး ဦးအောင်ကိုဦးက ပန်းခင်းစီမံချက်ဆိုင်ရာအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး၊ လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး၊ အသက်(၁၀)နှစ်ပြည့် နိုင် ၃(က) ၁၈ ဦး၊ နိုင် ၆(က) ၂၄ ဦး၊ လဲလှယ် ၉ ဦး၊ မိတ္တူ ၃၂ ဦး၊ ပေါင်း ၈၃ ဦး ၊ အိမ်ထောင်စုစာရင်း (၁၄)စု ကို ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေးအေးမော် (ပုလော)