ပုလော ဇန်နဝါရီလ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် မကျည်းကုန်းကျေးရွာ၌ ရာသီပေါ်သီးနှံ စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုဝင်ငွေတိုးကာ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ရာသီပေါ်သီးနှံများဖြစ်သော ဗူးသီး၊ ခရမ်းသီး အမျိုးမျိုး၊ ကန်စွန်းရွက်၊ ပဲရှည်သီး၊ ချဉ်ပေါင် ရွက်စသည့် ဟင်းသီးဟင်းရွက်များသည် ရောင်းဈေးနှုန်းမှာ ယခင်နှစ်ကထက် ဈေးကောင်းရလျက်ရှိပြီး၊ ရာသီပေါ်သီးနှံများအပြင် အစ္စတာနှင့် ဒိုင်းမွန်းပန်းများကိုလည်း မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် စီးပွားရေးအဆင်ပြေကာ ဝင်ငွေတိုးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မကျည်းကုန်းကျေးရွာနေ တောင်သူ ဒေါ်မဲအိုက မိမိပိုင်လယ်မြေ ၅ ဧကရှိရာ မိုးရာသီတွင် မိုးစပါးစိုက်ပျိုးခြင်း၊ နွေရာသီတွင် နွေစပါး ၄ ဧကစိုက်ပျိုးထားရှိပြီး ကျန် ၁ ဧကကို ရာသီပေါ်သီးနှံများအပြင် ပန်းအမျိုးမျိုးကို စိုက်ပျိုးရောင်းချခြင်းဖြင့် တစ်နေ့ဝင်ငွေ ၁ သိန်းလောက်ရရှိကာ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ကိုင်ခြင်းဖြင့် စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း ပြောကြားခဲ့သည်။
အေးအေးမော် (ပုလော)