ပိုင်ကျုံ ဇန်နဝါရီ ၂၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ကလေးစာဖတ်ခန်း၌ စက္ကူဖြင့် လိပ်ပြာရုပ်ခေါက်ခြင်းကို ယမန်နေ့နေ့ညနေ ၃နာရီက ပြုလုပ်ပေးခဲ့သည်။
မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအတွင်းရှိ ကလေးငယ်များအနေဖြင့် ဉာဏ်စွမ်းအား၊ အတွေးအခေါ်၊ အသိပညာဗဟုသုတများ ရရှိစေရန်၊ ပေါင်းသင်းဆက်ဆံရေးတွင် ချိုချိုသာသာပြောတတ်သည့် အလေ့အကျင့်များရရှိစေရန်၊ စိတ်ဓာတ်ခွန်အားများ အကျိုးရှိစွာအသုံးချတတ်စေရန်၊ အများအကျိုးကိုဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ကျောင်းပိတ်ရက် အားလပ်ချိန်များကို အကျိးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန် စသဖြင့် ရည်ရွယ်၍ အရုပ်ခေါက်နည်းများ သင်ကြားပေးခြင်းဖြစ်သည်။
အဆိုပါ ကလေးငယ်များသည် ပိုင်ကျုံမြို့ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ လာရောက်သင်ကြားကြခြင်းဖြစ်ပြီး ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစိးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နော်ခူးခူးက စက္ကူဖြင့် အရုပ်ခေါက်နည်းများအား ကလေးငယ်များကို စနစ်တကျ တစ်ဆင့်ချင်း သင်ကြားပြသပေးလျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)