ဆည်ကြီးကျေးရွာတွင် ကုလာအော်ငရုတ်သီးစိမ်း စိုက်ပျိုးခြင်းဖြင့် မိသားစုစားဝတ်နေရေးကို တစ်ဖက် တစ်လမ်းမှ အထောက်ကူပြုနေသည့်အတွက် အဆင်ပြေလျက်ရှိ

ရမည်းသင်း  ဇန်နဝါရီ ၂၅

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်  ဆည်ကြီးကျေးရွာတွင် ကုလာအော်ငရုတ်သီးစိမ်း စိုက်ပျိုး ခြင်းဖြင့် မိသားစုစားဝတ်နေရေးကို တစ်ဖတ်တစ်လမ်းမှ အထောက်ကူပြုနေသည့်အတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ငရုတ်ပင်များကို စိုက်ပျိုးကြမည်ဆိုပါက (၃) ပေပတ်လည် စိုက်ပျိုကြရပြီး   သဘာဝမြေဆွေးများနှင့် နွားချေးများ ပါသော မြေဆွေးများ ထည့်ပေးကာ ပျိုးပင်သက်တစ်လခွဲနှစ်လမှာ ပြောင်းရွှေ့စိုက်ပျိုးပြီး ရေသွင်းခြင်း၊ ပေါင်းမြက် ရှင်းလင်းခြင်း၊ ပိုးသတ်ဆေး၊ အားဆေးများ ပတ်ဖျန်းပေးရကြောင်း    စိုက်ပျိုး ပြီး    အကြာတွင် အသီးများ စတင်ခူးဆွတ်နိုင်ပြီးဖြစ်ကြောင်း ကုလားအော်ငရုပ်စိုက်ပျိုးသူ ဦးစိန်မောင်ထံက သိရသည်

ငရုတ်သီးအထွက်နှုန်းမှာ မြေအနေအထားနှင့် အပင်ကောင်းမှု အပေါ်မူတည်ကာ ငရုတ်သီးစိမ်း တစ်ပိဿာလျှင် ၅၀၀ ဈေးရရှိ၍  မိသားစုစားဝတ်နေရေးကို တစ်ဖတ်တစ်လမ်းမှ အထောက်ကူပြုနေ သည့်အတွက် အဆင်ပြေ လျက်ရှိကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)