မန်တုံ ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်ပိုင်းအချိန်က အမျိုးသမီး များနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ အကြောင်းသိကောင်းစရာ ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်ယုယုအောင်က အမျိုးသမီးများတွင် ဖြစ်လေ့ဖြစ်ထရှိတတ်သော သားအိမ်နှင့် ပတ်သက်သည့် ပြဿနာများ၊ အခြားကျန်းမာရေးဆိုင်ရာ ကိစ္စများအား သိရှိလိုက်နာ ဆောင်ရွက် နိုင်စေရန် ရည်ရွယ်၍ ဆွေးနွေးပွဲဆောင်ရွက်ရကြောင်း ပြောကြားပြီး မြို့နယ်းအမျိုးသမီးများအသင်း (Book Club) ဥက္ကဋ္ဌ ဒေါ်မာဘောက်က သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်သည့် အချက်များ၊ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ အမျိုးသမီးကျန်းမာရေးနှင့် ပတ်သက်၍ အခြားဗဟုသုတရရန် အချက်များ၊ အမျိုးသမီးထုအချင်း ချင်း မိမိတို့ရရှိသည့် ဗဟုသုတများအား ရပ်ရွာလူထုအကြား အချင်းချင်း ပြန်လည်မျှဝေသွားစေရန် ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာသော အဖွဲ့ဝင်များ မေးခွန်းများ မေးမြန်၍ အပြန်အလှန်ဆွေးနွေးခဲ့သည်။
မန်တုံ ပြန်/ဆက်