မိုးကုတ်မြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ပြည်ထောင်စုနေ့အကြို စာအုပ်/စာစောင် ပြပွဲကျင်းပ ပြုလုပ်

မိုးကုတ် ဇန်နဝါရီ ၂၅

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် ယနေ့နံနက် (၁၀) နာရီက ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်အဖြစ် စာအုပ်/စာစောင် ပြပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

စာအုပ်ပြပွဲတွင် (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ပြည်ထောင်စုနေ့(အကြို)အား ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့အကြောင်း သိရှိစေရန် ရည်ရွယ်ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုနေ့အကြောင်းရာပါ စာအုပ်/စာစောင် များနှင့် အခြားစိတ်ဝင်စားဖွယ် စာအုပ်၊ စာစောင်များကို ခင်းကျင်းပြသခဲ့ရာ စာပေဝါဿနာရှင်များ၊ ကျောင်းသား/ သူများ လာရောက် ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။

နန်းခွာညိုနှင်း