လှိုင်းဘွဲ ဇန်နဝါရီလ ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူများအား ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နေ့လည်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဇင်မိုးအေးက တိုင်းရင်းသားအားလုံးတို့၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သော ပြည်ထောင်စုနေ့ကို ကျောင်းသား/သူများအနေဖြင့် တန်ဖိုးထားတတ်စေရန်၊ ချစ်ခင်ရင်းနှီးမှုများရှိကြပြီး နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကြိုးစားရမည်ဖြစ်ကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်တို့ကို ပြောကြားပြီး ကျောင်းသား/သူများက ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ အိတ်စွပ် ပြိုင်ပွဲ၊ ဘောလုံးဖောက်ပြိုင်ပွဲနှင့် ခုံလုပြိုင်ပွဲတို့ကို ပျော်ရွင်စွာ ပါဝင်ကစားခဲ့ကြကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)