မော်လမြိုင် ဇန်နဝါရီ ၂၅
ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည် ဖွံဖြိုးတိုးတက်စေရန် မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် စာအုပ်၊စာစောင်ပြပွဲ ဆောင်ရွက်ပေးသည်။
ပြိုင်ပွဲတွင် မော်လမြိုင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပေးပြီး ပြိုင်ပွဲကိုစတင်ခဲ့ရာ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၇)ဦးနှင့် စကားပုံဆက်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၈)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဦးစီးအရာရှိက ဆုများအသီးသီး ချီးမြှင့်ပေးသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတ ကြွယ်ဝစေရန်၊ ဦးနှောက်ဉာဏ်ရည်ဖွံဖြိုးပြီး စဉ်းစားတွေးခေါ်မှု အားကောင်းလာစေရန်နှင့် စာပေမှရရှိသည့် အသိပညာဖြင့် သူတပါးအား မျှဝေပေးနိုင်ရန် ရည်ရွယ်ချက်တို့ဖြင့် သုတ/ရသ စာအုပ်၊စာစောင်များ ခင်းကျင်းပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှု ခဲ့ကြကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)