ကျောက်ဆည် ဇန်နဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် နွေစပါး(၅၅၃)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
နွေစပါးများစိုက်ပျိုးရာတွင် မင်းရဲစိုက်ပျိုးရေး နည်းပညာပေးစခန်းတွင် မင်းရဲမြောင်းရေသောက် စနစ်ဖြင့် (၁၀၀)ဧက၊ မြေအောက်အဝီစိရေသောက် စနစ်ဖြင့် (၅၃) ဧက၊ သင်းတွဲစိုက်ပျိုးရေး နည်းပညာပေး စခန်းတွင် သင်းတွဲမြောင်းရေသောက်စနစ်ဖြင့် (၂၅၀)ဧက၊ တမုတ်စိုက်ပျိုးရေး နည်းပညာပေးစခန်းတွင် တမုတ်မြောင်းရေသောက်စနစ်ဖြင့် (၁၅၀)ဧက စုစုပေါင်း (၅၅၃)ဧက စိုက်ပျိုး သွားမည်ဖြစ်ကြောင်းသိရှိရသည်။
နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းစေရန်အတွက် နည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများများမှ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးရေများအပြည့်အဝ ရရှိစေရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စနစ်တကျ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)