မြင်းခြံ ဇန်နဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင် စာရေးဆရာ သုတေသီ ဘုန်းမြင့်သွေး၏ အရေးကြီးတာက စိတ်ချမ်းသာဖို့ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် ၂ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ခရိုင်ဦးစီးအရာရှိ ဦးထိန်လင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဦးဌေးစိုး၊ မြင်းခြံခရိုင် ပြန်/ဆက်ရုံးမှ ဝန်ထမ်းများ၊ စာပေချစ် ပြည်သူများက စာရေးဆရာ သုတေသီ ဘုန်းမြင့်သွေး၏ အရေးကြီးတာက စိတ်ချမ်းသာဖို့ စာအုပ်၏ စိတ်အချမ်းသာဆုံးက ဘာလဲ၊ ဒေါသစိတ် မျိုသိပ်နိုင်မှ စိတ်ချမ်းသာ၊ မနာလိုပြင်း ချမ်းသာကင်း၊ စိတ်ကောင်းရှိမှ စိတ်ချမ်းသာ၊ အရေးအကြီးဆုံးက စိတ်ချမ်းသာဖို့ စသည့်အကြောင်းအရာ အသီးသီးကို တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဦးဌေးစိုး၊ ခရိုင်ဦးစီးအရာရှိ ဦးထိန်လင်းနှင့် ဝန်ထမ်းများက သိရှိနားလည် သည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)