သီပေါ ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ဇန်နဝါရီလ ၂၅ ရက်နေ့က ကိုဗစ် − ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာမတွေ့ရှိရကြောင်းနှင့် ရောဂါပိုးတွေ့မှုနှုန်း လျော့နည်းလာလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ဇန်နဝါရီလ ၂၅ ရက်နေ့ကသီပေါမြို့နယ်ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် Positiveလူနာများနှင့် ထိတွေ့ခဲ့သူများ၊ ဖျားနာသူများ (၂)ဦးအား COVID-19 Antigen RDT Test Kit ဖြင့်ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုးမတွေ့ရှိရကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ယနေ့နံနက်ပိုင်းအထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့အတည်ပြုလူနာပေါင်း (၁၇၅၀)ဦး ရှိပြီး၊သေဆုံးသူ(၁၀၁)ဦးဖြစ်ကြောင်းနှင့် လက်ရှိမြို့နယ် ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါဖြင့် ဆေးကုသမှုခံယူနေသော လူနာတစ်ဦးမျှမရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)