ချမ်းအေးသာစံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်

ချမ်းအေးသာစံ ဇန်နဝါရီ  ၂၆

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ဝါခင်းကုန်းဘုရား ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

အဆိုပါ ပေးအပ်ပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးယဉ်ထွေးနှင့် တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မန္တလေခရိုင်ဦးစီးမှူး၊ ချမ်းအေးသာစံမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ် ဦးစီးမှူး ဦးဝေလင်းနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ၃၉ ကတ်အား ပြည်သူ့လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ပန်းခင်းစီမံချက်အဖြစ် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အသက် (၁၈)နှစ်ပြည့် လာမည့်သူနှင့် အသက် (၁၈)နှစ်ပြည့်ပြီးသူများအား ၂၀၀၄ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ ရှေ့ပိုင်း မွေးဖွား သူများအား အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား မရရှိသေးသူများ၊ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး လက်ဝယ် ရရှိရေးတို့အား သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးမှူးရုံးများတွင်လည်း ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ထိပ်ထားနိုင် (ပြန်/ဆက်)