ရှမ်းရွာသစ်မြို့ ကွီးလေးကျေးရွာအုပ်စုအတွင်းရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ ဘိုးဘွားများအား လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်

ရှမ်းရွာသစ်   ဇန်နဝါရီ   

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ကွီးလေးကျေးရွာအုပ်စုအတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (အောက်တိုဘာ ၊နိုဝင်ဘာနှင့် ဒီဇင်ဘာလ)အတွက် လူမှုရေး ပင်စင်အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေး ပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့က ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါထောက်ပံ့ငွေများပေးအပ်ရာတွင် ကွီးလေးကျေးရွာအုပ်စုမှ သက်ကြီးဘိုးဘွား()ဦးအား တစ်ဦးလျှင် (၃၀၀၀ဝိ/-) နှုန်းဖြင့် စုစုပေါင်း ကျပ်ငွေ(၁၅၀၀၀ဝိ/)တိတိကို သက်ဆိုင်ရာ ကျေးရွာမှတာဝန်ရှိသူများက လူမှုရေးပင်စင်ခံစားခွင့်ရှိသူ အဘိုးအဘွားများထံ လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ရှမ်းရွာသစ်မြို့ပေါ် ()ရပ်ကွက်နှင့် ကျေးရွာအုပ်စု()အုပ်စုတို့တွင် လူမှုရေးပင်စင်ခံစားခွင့်ရှိသော အသက်(၈၅)နှစ်အထက် အဘိုး(၂၇)ဦး၊ အဘွား (၄၅)ဦး၊ စုစုပေါင်း (၇၂)ဦးရှိပြီး လက်ဝယ်အရောက် ရရှိရေးအတွက် ကျေးရွာရှိတာဝန်ရှိသူများက လိုက်လံပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။