ကျိုက်ဒုံမြို့၌လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ကာကွယ်ရေး အသိပညာပေး(Talk Show) ဆွေးနွေးပွဲကျင်းပ

ကျိုက်ဒုံ ဇန်နဝါရီ ၁၅

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ မွန်းလွဲ၁နာရီက အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ကာကွယ်ရေးအသိပညာပေး(Talk Show)ဆွေးနွေးပွဲ ကျင်းပသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်/သံ ကျွမ်းကျင်-၃ ဒေါ်ဝါဝါလင်းမှဦးဆောင်ပြီး အမျိုးသမီးများအပေါ်အကြမ်းဖက်မှု အနေဖြင့် ဘယ်လိုမျိုးအကြမ်းဖက်ခံရပါသလဲလို့ မေးမြန်းဆွေးနွေးခဲ့ရာ စာကြည့်တိုက်မှူး ဒေါ်နန္ဒာလှိုင်မှ အမျိုးသမီးများအပေါ် အကြမ်းဖက်တယ်ဆိုတာ နှစ်မျိုးရှိပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ အမျိုးသမီးများ အကြမ်းဖက်မှုမခံရအောင် ကာကွယ်ရမည့်သိကောင်းစရာများစသည့် အကြောင်းအရာများအား အကျယ်တစ်ဝင့် အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။ 

သန်းထွန်းနိုင်