အမြို့မြို့အနယ်နယ်သတင်းများ

Jan 13,2022
ကရင်ပြည်နယ်၊ ဘောဂလိမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတများ  ရရှိစေရန်အတွက်  ဌာန၏ လုပ်ငန်းကဏ္ဍမျိုးစုံ  ဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေးဝါးဆိုင်ရာ ဆိုးကျိုးများအကြောင်းကို နံရံကပ်စာစောင်ပြုလုပ်၍  ပြည်သူများ အလွယ်တကူ ကြည့်ရှုလေ့လာနိုင်ရန်  ဌာနပိုင်မြေစိုက်နံကပ်ပြဘုတ်တွင် ယမန်နေ့ မွန်းလွဲပိုင်းက စတင်၍ ကပ်ထားပြသခဲ့သည်။
Jan 13,2022
 မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး စုရပ်(၅)နေရာထားရှိပြီး ဆေးထိုးအဖွဲ့(၅)ဖွဲ့ဖြင့် ဦးတည်အုပ်စု အလိုက် ပဉ္စမအသုတ် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံခြင်းကို   ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။  
Jan 13,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ် တပ်ဖွဲ့တို့ပူးပေါင်းပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ( Talk Show) အစီအစဉ်ကို ဇန်နဝါရီလ ၁၂ ရက် မွန်းလွှဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ခဲ့သည်။
Jan 13,2022
စစ်ကိုင်းတိုင်းဒေသကြီး သစ်တောစိုက်ခင်းတည်ထောင်ခြင်းနှင့် ပျိုးဥယျာဉ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၁၂) ရက်နေ့ နံနက်ပိုင်းက မုံရွာမြို့၊ မြို့နယ်သစ်တော ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်းသားများ တက်ရောက်ကြသည်။
Jan 13,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့ မြို့မရပ်ကွက်ဓါတ်တော်ဓမ္မာရုံတွင် မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ မြို့နယ်အတွင်းရှိ ဒေသခံပြည် သူများ၏ လိုအပ်ချက်များဆောင်ရွက်ပေးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။