အမြို့မြို့အနယ်နယ်သတင်းများ

Jan 13,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ.ထ.က(၄) ကျောင်းရှိ သီရိရတနာခန်းမတွင် ယနေ့ နံနက် (၉)အချိန်က အသက်(၁၈)နှစ်အထက် ရက်ကွက်နေပြည်သူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Covidshield) ထိုးနှံခြင်းကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Jan 13,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား မေလ(၃)ရက်နေ့မှ စတင်၍ ရပ်ကွက် များအတွင်း သတ်မှတ်နေရာများအလိုက်ကွင်း ဆင်းဆောင်ရွက်ပေးလျှက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက် မြို့မစာကြည့်တိုက်တွင် ရပ်ကွက်အတွင်းနေ အသက်(၁၆) နှစ်နှင့်အထက် ပြည်သူများ မှတ်ပုံတင်ကတ်ပြုလုပ်ရန် မကျန်ရှိစေရေးအတွက် မြို့နယ် လ.ဝ.က ဦးစီးမှူး ဦးသိန်းမောင်နှင့် ဝန်ထမ်းများက ကွင်းဆင်း၍ စိစစ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Jan 13,2022
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ စမ်းချောင်း​မြို့နယ်၊ မုန့်လုပ်​ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁) ကျောင်းဝင်းအတွင်းတွင် ယမန်နေ့ နံနက် (၉) နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ၄ ရက်မြောက်နေ့ ဒုတိယအကြိမ် (phase 6) ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း(၂၅၀) ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
Jan 13,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာအုပ်စာပေများမှရရှိသည့် ဗဟုသုတများကို လွယ်လင့်တကူ ရရှိစေနိုင်ရန် ရည်ရွယ်၍ Mobile Library နယ်လှည့်စာငှားလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးရုံးသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
Jan 13,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မိုင်းယု(၁၀၅)ကျေးရွာအုပ်စု အတွင်းရှိ ဒေသခံပြည်သူများကို “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပေးလျက်ရှိသော ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် နိုင်ငံသား စီစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ လက်ဝယ်ရရှိစေရေးအတွက် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မူဆယ်ခရိုင်ဦးစီးမှူး ဦးရဲရင့်ထွန်းနှင့်အဖွဲ့ ဝန်ထမ်းများ က ယမန်နေ့နံနက်ပိုင်းတွင် မိုင်းယု (၁၀၅မိုင်) ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအား ရပ်ကွက်များ အရောက် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် (၈)နာရီမှ ညနေ (၃)နာရီအထိ သုမင်္ဂလာရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။