အမြို့မြို့အနယ်နယ်သတင်းများ

Jan 13,2022
မကွေးတိုင်းဒေသကြီး၊   မြို့သစ်မြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  လုပ်ငန်း ဆောင်ရွက်ချက်များကို ကျောင်းသားကျောင်းသူများ၊ ပြည်သူများ လေ့လာကြည့်ရှုနိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်နှင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို   ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
Jan 13,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်၄၀ နှစ်နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းနှင့် အသက်၁၈ နှစ်နှင့်အထက်ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ခရမ်းမြို့ အမှတ်( ၂ ) ရပ်ကွက်ရှိ သကျ မာရိဇိန်ကြေးသွန်းဘုရားကြီးအတွင်းရှိ သာသနာ့ဗိမာန် ဓမ္မာရုံကြီးတွင် နေ့စဉ်နံနက် ၉ နာရီမှညနေ ၃ နာရီအထိ နေ့စဉ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။
Jan 13,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်အတွင်းရှိပြည်သူများကိုဗစ်-၁၉မျိုးရိုးဗီဇကွဲအသစ် အိုမီခရွန်ရောဂါကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်ပြီး ယနေ့နံနက်(၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လမ်းများတွင်အသိပေးနှိုးဆော်ခြင်းကို မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှုးနှင့်ဝန်ထမ်းများကHand Speakerဖြင့်လှည့်လည်နှိုးဆော်ခဲ့ကြောင်းသိရသည်။
Jan 13,2022
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club) စာအုပ်စာ‌ပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာ “ ချစ်နိုင်(စိတ်ပညာ) “ ရေးသားထားသည့် “ ရွှေရောင်လွှမ်းတဲ့ အခွင့်အလမ်း” စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ န၊  ဝန်ထမ်းများက ယနေ့ နံနက် (၁၀)နာရီအချိန် က အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ဟိုင်း ကြီး ရွာသစ်ကျောင်း ၊ Grade 4 အတန်း သို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ကွင်းဆင်းငှားရမ်း ပေးခဲ့ကြသည်။
Jan 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက စာရေးဆရာ ဦးထွန်းလှရေးသားသည့် ''ဘာလဲဟဲ့လောကဓံ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။ 
Jan 13,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ယမန်နေ့ နံနက်(၁၀)နာရီက  မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေး ဆွေးနွေးပွဲ(Talk Show) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 13,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် ဆရာစံခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက သာယာဝတီ ခရိုင် “ပန်းခင်းစီမံချက်” လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။