အမြို့မြို့အနယ်နယ်သတင်းများ

Jan 13,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာ ကွယ်ရေးဆိုင်ရာ အချက်များကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိနိုင်စေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်း က အသံချဲစက်ဖြင့် အသိပေးနိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
Jan 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ခုနှစ်၊ မတ်လအထိ (၆)လအတွက် MCCTအစီအစဉ်၊ Digital Literacy ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့သည်။
Jan 13,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းအမှတ်(၃၂)တို့ ပူးပေါင်း၍ ပုံပြင်ပြောပြိုင်ပွဲကို မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
Jan 13,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ဇန်နဝါရီလ ၁၃ရက် နံနက် ၉ နာရီခွဲက ကျိုက်ဒုံမြို့ အမှတ် (၃) ရပ်ကွက်၌ ဒေသနေပြည်သူများအား မြန်မာဘာသာ၊ ပိုးကရင်ဘာသာဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုး ကွဲအိုမီခရွန် (omicron) ရောဂါပိုး များကိုသတိပြုကာကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
Jan 13,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် “အိုမီခရွန်”ကြိုတင် ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်‌ဆေးထိုးနှံ‌ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၈ နာရီက ဂုဏ်တောစံပြကျေးရွာတွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။
Jan 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေဝါသနာရှင် ပြည်သူများ နှင့်ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်များ စာပေဗဟုသုတ ရရှိစေရန်၊ စာဖတ်၊ စာငှါးလုပ်ငန်းများ၊ အကြား၊ အမြင်၊ အသိပညာ တိုးပွားစေရန် ရည်ရွယ်၍ Online မှတဆင့် အသိပညာပေး အစီအစဉ်များကို နေ့စဉ်ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရှိရသည်။