မန္တလေး ဇန်နဝါရီ ၁၃
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းအမှတ်(၃၂)တို့ ပူးပေါင်း၍ ပုံပြင်ပြောပြိုင်ပွဲကို မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
လူငယ်မောင်မယ်များ စာပေဖတ်ရှုသည့် အလေ့အထရှင်သန်စေရန်၊ စာပေမှရရှိသော အသိအမြင် ဖြင့် အမှားအမှန်ဝေဖန် ပိုင်းခြားတတ်စေရန်၊ စာပေကို ဖတ်ရှုရုံသာမက ပြန်လည်မှတ်သားပြီး အစီအစဉ်တကျ ပြန်လည် ဆွေးနွေးတတ်စေရန်၊ ပုံပြောပြိုင်ပွဲများကျင်းပပေးခြင်းအားဖြင့် လူငယ်မောင် မယ်များပြန်လည် ဆွေးနွေးပြောဆိုရန်အတွက် စာကြည့်တိုက်များကို သွားရောက်အသုံးချစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပေးခြင်းဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်သန်းက ပြောကြားသည်။
အဆိုပါပြိုင်ပွဲသို့ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ အ.ထ.က(၃၂)ကျောင်းမှ ဆရာ/မများ၊ ပြိုင်ပွဲဝင်ကျောင်းသား/သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)