ကျိုက်ဒုံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ''အချိန်စီမံခန့်ခွဲခြင်းဖြင့် အောင်မြင်မှုရယူခြင်း'' စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပ

ကျိုက်ဒုံ ဇန်နဝါရီ ၁၃

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီကစာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ဦးစီးမှူး ဦးကျော်လင်းနိုင်မှ စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူများ၊ စာဖတ်သူများအချင်းချင်း ချစ်ခင်ရင်းနှီးမှုများ ရရှိလာစေရန်နှင့် နှီးနှောဖလှယ်ခွင့်များ ရရှိလာစေရေးအတွက် ရည်ရွယ်ချက်ဖြင့်  စာဖတ်ဝိုင်း ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကျိုက်ဒုံမြို့(ပြန်/ဆက်)ဦးစီးမှူးမှ စာရေးဆရာ ဂျွန်ရေးသားထားသော ''အချိန် စီမံခန့်ခွဲ ခြင်းဖြင့်အောင်မြင်မှုရယူခြင်း''စာအုပ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စာအုပ် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များက မိမိတို့ကြိုက်နှစ်သက်သည့် ခေါင်းစဉ် များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)