ညောင်တုန်း ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ခုနှစ်၊ မတ်လအထိ (၆)လအတွက် MCCTအစီအစဉ်၊ Digital Literacy ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့သည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးဇော်လွင်နှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ စိုးလှိုင်ဦးတို့မှ သင်တန်းသား၊ သင်တန်းသူများအား စနစ်တကျ သင်ယူမှတ်သားရန်နှင့် ရရှိလာမည့် အကျိုးကျေးဇူးများကိုပြောကြားခဲ့သည်။
ထို့နောက်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၁ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ခုနှစ်၊ မတ်လအထိ (၆)လအတွက် MCCTအစီအစဉ်၊ Digital Literacy ဆင့်ပွားသင်တန်း ပို့ချရာ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း (၁၀၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)