အောင်လံ ဇန်နဝါရီ ၁၃
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် “အိုမီခရွန်”ကြိုတင် ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၈ နာရီက ဂုဏ်တောစံပြကျေးရွာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါသည် ယခုအချိန်၌ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်အဖြစ် ရက်ပိုင်းအတွင်း နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာနေပြီ ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန်ကို ကာကွယ်တားဆီးနိုင်ရေးအတွက် မိဘပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမခံစေရေး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များအား တိတိကျကျလိုက်နာကြရန်နှင့် ဧည့်သည်များလက်ခံခြင်းမပြုရန်၊ နေအိမ်ပြင်ပသို့ ထွက်လျှင် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကိုစနစ်တကျ မကြာခဏ ဆေးကြောရန်၊ လူစုလူဝေး ရှောင်ကြဉ်ရန်၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု နှစ်ကြိမ်ပြည့်အောင် ထိုးနှံခြင်းကို အထူးဂရုပြု ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်၊ အိုမီခရွန်အပါအဝင် မျိုးဗီဇပြောင်း ရောဂါပိုးများကို သတိပြုကာ မိမိကစ၍ကာကွယ်ကြပါရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို အကြိမ်ပြည့်ထိုးနှံကြပါရန် တို့ကို နှိုးဆော်ခဲ့ကြောင်း သိရသည်။
ဇင်ဇင်မင်းမောင်(ပြန်/ဆက်)