လပွတ္တာ ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေဝါသနာရှင် ပြည်သူများ နှင့်ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်များ စာပေဗဟုသုတ ရရှိစေရန်၊ စာဖတ်၊ စာငှါးလုပ်ငန်းများ၊ အကြား၊ အမြင်၊ အသိပညာ တိုးပွားစေရန် ရည်ရွယ်၍ Online မှတဆင့် အသိပညာပေး အစီအစဉ်များကို နေ့စဉ်ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အစီအစဉ်တွင် ဒေါ်အိအိမွန် (ဒုဦးစီးမှူး)မှ ကျန်းမာရေးကဏ္ဍတွင် အရိုးအဆစ်နှင့် ကျန်းမာရေး အကြောင်း သိကောင်းစရာများ၊ ဒေါ်ခင်လေးဝါ (စာထောက်-၃) မှ စာအုပ် မိတ်ဆက်ကဏ္ဍတွင် သူတောင်းစားဘဝမှ လူငယ်များ၏ လမ်းပြကြယ်အဖြစ်သို့ ရောက်ရှိခဲ့သူအကြောင်း စီစဉ်ထုတ်လွှင့်ပေးခဲ့ပြီး ဒေါ်နှင်းဝေစိုး၊ ဒေါ်ဇာဇာလှိုင်၊ ဒေါ်နှင်းအိစိုးတို့မှ ပုံပြောအစီအစဉ် ကဏ္ဍ၊ ဓမ္မလက်ဆောင်ကဏ္ဍ၊ စကားပုံများကို တူးဖော်ခြင်း အစီအစဉ်ကဏ္ဍ၊ အတွေးအမြင်ကဏ္ဍ အစီအစဉ်များနှင့် သံပြိုင်ညီညီ ကဗျာရွတ် မည့်အစီအစဉ်များအား သားငယ်၊ သမီးငယ်တို့အတွက် စိတ်ဝင်စား ပျော်ရွှင်ဖွယ်ဖြစ်အောင် အလှည့်ကျ ထုတ်လွှင့်ပေးလျက်ရှိသည်။
အဆိုပါ အစီအစဉ်များကို စာဖတ်ပရိတ်သတ် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ သားငယ်၊ သမီးငယ်လေးများအတွက် စာပေဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ဝန်ထမ်းများက Oline မှ တစ်ဆင့် သုတ၊ ရသ စာအုပ်မိတ်ဆက်၊ ပုံပြောခြင်း၊ ကဗျာလေးတွေရွက်ကြမယ်၊ ကလေးဝတ္ထုတိုကဏ္ဍ၊ ဘာသာရေး ဆုံးမစာများ၊ ကျန်းမာရေးသိမှတ်ဖွယ်ရာများ၊ စက္ကူအရုပ် ခေါက်အစီအစဉ်များကို နေ့စဉ် လပွတ္တာခရိုင် ပြည်သူ့စာကြည့်တိုက် Page မှ တစ်ဆင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
လပွတ္တာခရိုင်(ပြန်ဆက်)